သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Jun 2022

           စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၇.၆.၂၀၂၂) ရက်နေ့ နံနက် (၁၀ :၀၀) နာရီ အချိန်၌  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show)  အစီအစဉ် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

24 Jun 2022

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တာဝန်ခံ ဒေါ်အေးသန္တာထွန်း သည် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေး ၊ မွေးမြူရေး ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲများကို (၅.၆.၂၀၂၂ မှ ၁၆.၆.၂၀၂၂) ရက်နေ့အထိ ကျေးရွာ (၉)ရွာရှိ တောင်သူ (၅၉၄) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းများ ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

24 Jun 2022

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သနပ္ပင်မြို့နယ်တာဝန်ခံ ဦးသိန်းဆွေသည်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လူထုဆက်ဆံရေးခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ ၊ နံနက် (၁၀:၃၀) တွင် ညီညွတ်မျှတ ဒီဂျစ်တယ်ငွေကြေးကဏ္ဍ နှင့်စပ်လျဉ်း၍ Talk Show ပြုလုပ်ခဲ့ပါသည်။

24 Jun 2022

စားသုံးသူရေးရာဦးစီးဌာန၊  မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှူးရုံးတို့တွင် ဝန်ထမ်းများအား လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စွမ်းဆောင်ရည်မြင့်မားလာစေရန်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို (၂၂.၆.၂၀၂၂ မှ ၂၄.၆.၂၀၂၂ထိ) (၃) ရက်ကြာ တပြိုင်နက် ဖွင့်လှစ်သွားမည်ဟု သိရှိရသည်။

24 Jun 2022

          National Enlightenment Institute –NEI နှင့် မွန်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော “စီးပွားရေးဆိုင်ရာ အလုပ်သင်အစီအစဉ် (အပတ်စဉ်-၂) သင်တန်းသား/သူများ၏ လုပ်ငန်းအတွေ့အကြုံများတင်ပြခြင်းနှင့် သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀.၆.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့ Hotel KS ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Pages