သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Jun 2022

          စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၂၂-၆-၂၀၂၂  ရက် (ဗုဒ္ဓဟူးနေ့) ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ ရှိ အ.မ.က (၃)မူလွန်ကျောင်းတွင် မြို့နယ်ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

23 Jun 2022

          ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးဆောင်၍  ကရင်ပြည်နယ် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး နှင့် ဝန်ထမ်း များသည် (၁၈-၆-၂၀၂၂) ရက်နေ့ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် ဘားအံမြို့ DENKO(ဘားအံ-၂) စက်သုံးဆီအရောင်းဆိုင်၊ ညောင်ရိပ်(၂)  စက်သုံးဆီအရောင်းဆိုင်နှင့် ရှမ်းလေးစက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

23 Jun 2022

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တာဝန်ခံ ဦးကျော်သည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် သုံးပင်ကွင်းရပ်ကွက်၊ တက္ကသိုလ်လမ်း၊ အ-ထ-က(၄)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ (၃၀၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

23 Jun 2022

        မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံသတင်းရေးသားနည်းသင်တန်းကို ၁၅.၆.၂၀၂၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအစည်းအဝေးခန်းမတွင် နေ့လည် (၁၃:၀၀) နာရီမှ (၁၆:၀၀) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

23 Jun 2022

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး‌ကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်း

Pages