သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
06 Jul 2023

   မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ခုနှစ်၊ ဇွန်လ၂၈ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

06 Jul 2023

      (၂၇.၆.၂၀၂၃)ရက်နေ့၊နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိုင်းဒေသကြီးဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်းများသည် မုံရွာမြို့စစ်ကိုင်းတိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့၌ စားသုံးသူအသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ရာ ဗဟိုစာရင်းအင်းအဖွဲ့ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်သန္တာကျော်က အဖွင့်အမှာစကားပြောကြားခဲ့ရာ ဝန်ထမ်းဦးရေ စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

06 Jul 2023

    မွန်ပြည်နယ်၌ ၁၉နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ “ဗိုလ်လုပွဲနှင့် ဆုပေးပွဲ” အခမ်းအနားကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁ရက်နေ့၊ ညနေပိုင်းတွင် မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးအပါအဝင် ပြည်နယ်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များတက်ရောက်ခဲ့ကြသည်။

05 Jul 2023

    မုံရွာခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းချိုသာ၍ အရေအတွက်အလေးချိန်နှင့်အရည်အသွေး ပြည့်ဝမှန်ကန်စွာရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနသည် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊  မုံရွာခရိုင် စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းတို့နှင့် ပူးပေါင်း၍ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်၊၊

05 Jul 2023

    ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ  မြို့နယ်တာဝန်ခံ     ဦးသိန်းမောင်သည် ၂၀၂၃ခုနစ်၊ ဇွန်လ (၂၁) ရက်၊ ညနေ (၁၆:၀၀) နာရီအချိန်တွင်  အောင်မင်္ဂလာကွက်သစ်၊  ရာအိမ်မှူး ဦး‌ကျော်ငြိမ်း၏နေအိမ်၌ လုပ်သားပြည်သူ (၁၀) ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

Pages