သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆီကုန်သည်များအသင်း၊ ဆန်စက်ပိုင်ရှင်များအသင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် အခြားမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ မအူပင်မြို့နယ် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်များရှိ လုပ်သားပြည်သူများအား (၆.၉.၂၀၂၂) ရက်နေ့ နံနက်(၀၈း၀၀) အချိန်တွင် ကံလေးလုံးကျောင်းရှေ့၌ ဆန်၊ဆီ၊ဆား၊ကြက်ဥနှင့် ဒေသထွက်ကုန် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်မှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မိတ်ဖက်ဌာနများနှင့်အတူ (၅.၉.၂၀၂၂) ရက်နေ့ နံနက်(၀၈ :၀၀) အချိန်၌ ဓနုဖြူမြို့နယ်(၁၇)ရပ်ကွက်ရှိ မိဘဂုဏ်ရည် ဆန်စက်ရှေ့တွင် ပြည်သူများအား အခြေခံစား သောက် ကုန်ပစ္စည်းများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျှက်ရှိပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊၊ စားသုံးသူရေးရာဦးစီးဌာန ၊မြောင်းမြခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဇော်လင်းအောင်နှင့် မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးတို့သည် (၇.၉.၂၀၂၂)ရက်နေ့ နေ့ လည်(၁၃:၃၀)နာရီက မြောင်းမြမြို့နယ် လယ်ယာသုံးဈေးရှိ ကျန်စစ်ဝင်း ကုန်မျိုးစုံဆိုင်၌ စားအုန်းများသတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေမှုအားသွားရောက် ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆီကုန်သည်များအသင်း၊ ဆန်စက်ပိုင်ရှင်များအသင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းတနော် စားသုံးသူရေးရာဦးစီးဌာတို့ ပူးပေါင်း၍ ပန်းတနော်မြို့ မြို့မဈေးရှေ့တွင် ပြည်သူများအား (၆.၉.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၈.၉.၂၀၂၂) ရက်နေ့ နေ့လယ် (၁၃:၀၀) အချိန်တွင် ဓနုဖြူမြို့ လိုတိုင်းရ သောက်ရေသန့်လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။