သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
10 Jul 2023

  ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၆ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည်  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ တောင်ကြီးမြို့ပေါ်ရှိ Ocean Center ဆိုင်သို့သွားရောက်၍ ရောင်းချနေသောကုန်ပစ္စည်းများတွင်  မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ

10 Jul 2023

  တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်တွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၆ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ခရိုင်အသေးစားနှင့်စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူပူးပေါင်း၍ လေဟာပြင်ဈေးတွင် လက်ကားဆီအရောင်းဆိုင် (၁၀) ဆိုင်သို့သွားရောက်၍ အစားအသောက်ကုန်စည်အုပ်စုတွင်ပါဝင်သည့် စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား

10 Jul 2023

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိုးအောင်နှင့် ဒုတိုင်းဦးစီးမှူးဦးစိုးဦးတို့သည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂ရက်နေ့တွင် ငပုတောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်၍ မြို့နယ်အုပ်ချုပ်‌ရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်စန်းအပါအဝင် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျပ်(၈)ဘီလီယံဖြင့် မြို့နယ်(၂၆)မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းနှင့် စီးပွားရေးကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိ

10 Jul 2023

   ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၆ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်‌‌ရေးဦးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ စားသောက် ကုန်ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များကို စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့သည်။

10 Jul 2023

   ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်နှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ  ဝန်ထမ်းများသည် ကျောက်ဆည်မြို့နယ်၊ အင်ရောင်းကျေးရွာရှိ သပေါ့ဖျာလုပ်ငန်းရှင်များကိုတွေ့ဆုံ၍ ကုန်ကြမ်းရရှိမှု၊ ကုန်ချောဖြန့်ဖြူးမှုနှင့်လုပ်ငန်းလည်ပတ်မှုအခြေအနေများကို ကွင်းဆင်းလေ့လာခဲ့ပါသည်။

Pages