သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
29 Jun 2022

           ဧရာဝတီတိုင်းဒသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင် ၊ကျိုက်လတ်မြို့နယ်တာဝန်ခံ ဦးတင်စိန်နှင့်ဝန်ထမ်းတို့သည် ၂၀၂၂ ခုနှစ် ၊  ဇွန်လ ၊ ၂၁ ရက်‌နေ့၊ နံနက်(၀၉:၀၀)နာရီမှ (၁၀:၀၀) နာရီချိန်ထိ အမှတ်(၂)ရပ်ကွက်၊ (၂)လမ်းကားဂိတ်တွင် မော်တော်ယာဉ်လိုင်းပေါင်းစုံအသင်းဥက္ကဌ ဦးစိုးမြင့်နှင့် အဖွဲ့ဝင်(၄)ဦးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

29 Jun 2022

          စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများလုပ်ဆောင်လျက်ရှိပါသည်။ မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆  ရက်နေ့ (၁၃း၀၀)အချိန်တွင် မိတ္ထီလာမြို့နယ်၊ Sein Daung Super

29 Jun 2022

            ဧရာဝတီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ်တာဝန်ခံသည် ၂၀၂၂ ခုနှစ် ဇွန်လ (၂၃)ရက်နေ့နံနက် (၁၀:၃၀)နာရီ အချိန်တွင်အမှတ်(၈) ဗိုလ်တေဇလမ်း(၅)ရပ်ကွက်ရှိ ဆန်စက်အသင်းရုံး၌ ဆန်စက်လုပ် ငန်းရှင်(၁၅) ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

29 Jun 2022

        ဧရာဝတီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်ကျိုက်လတ်မြို့နယ်မှ မြို့နယ်တာဝန်ခံဦးတင်စိန်နှင့် ဝန်ထမ်းတို့သည် (၂၁.၆.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှ (၁၁:၀၀)နာရီ အချိန်ထိ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ (၂၈)လမ်းရှိ အောင် စက်မှုလက်မှုလုပ်ငန်းမှ လုပ်ငန်းရှင် ဦးအောင်ခိုင်နှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

29 Jun 2022

             စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးမျိုးဝင်းနိုင် (ဦး/ရှိ)နှင့် ဝန်ထမ်းများသည် ၂၄-၆-၂၀၂၂ရက်(သောကြာနေ့) နေ့လယ် (၁၀:၀၀) နာရီအချိန်  ဘားအံမြို့ရှိ အမှတ်(၃) ရပ်ကွက်၊ အ-မ-က(၅)အခြေခံပညာမူလတန်းကျောင်းတွင် မြို့နယ်ကျောင်းကျန်းမာရေး ကော်မတီ အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

Pages