သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
30 Jun 2022

          မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကို ငါန်းဇွန်မြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေခံပြုဗဟိုဌာန (Community Center) ခန်းမ၌ ၂၂.၆.၂၀၂၂ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

30 Jun 2022

          မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်း နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်၊ ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၂ ခုနှစ်  ဇွန်လ ၁၈ ရက်နေ့တွင် အထူးစျေးနှုန်းဖြင့် စားသုံးဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။

30 Jun 2022

          မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၌ မိတ္ထီလာခရိုင်အတွင်း ဖွင့်လှစ်ရောင်းချနေသော စက်သုံးဆီရောင်းချသည့်လုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ၂၂.၆.၂၀၂၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရပါသည်။ ဆွေးနွေးပွဲသို့ မိတ္ထီလာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မိတ္ထီလာခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ စက်သုံးဆီရောင်းချခွင့်လက်မှတ်ရဆိုင်များမှ ကိုယ်စားလှယ်(၁၉)ဦးတို့ တက်ရောက်ခဲ့ပါသည်။         ဆွေးနွေးပွဲတွင် မိတ္ထီလာခရိုင်စားသုံးသူ

30 Jun 2022

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌‌‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် တာဝန်ခံဦးရဲမြင့်ဆန်းသည် မြဦးလှည့်အုပ်စု၊ ဆိုင်သောက်ကျေးရွာတွင် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးဖြစ်သော ဗန်း(စကော)လုပ်ကိုင်လျှက်ရှိသော တောင်သူများနှင့် (၂၀-၆-၂၀၂၂)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကွင်းဆင်းတွေ့ဆုံမေးမြန်းခဲ့ပါသည်။

29 Jun 2022

     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ  ၂၇ ရက် နံနက်(၀၈း၀၀)နာရီ အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၊ ဥတ္တရသီရိမြို့နယ်၊  ရွှေနံ့သာရပ်ကွက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Pages