သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တီးတိန်မြို့နယ်တာဝန်ခံ ဦးပြောင်ဒါလ်း(အကြီးတန်းစာရေး)သည်(၇-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ရှိ လိုင်ဘုန်မူကြိုကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ်တာဝန်ခံ ဦးရွှေကျော်မိုး(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် (၇-၇-၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရန်အတွက် ရမ်းဗြဲမြို့ အမှတ်(၄) ရပ်ကွက်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၆ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ စားသုံးဆီရောင်းချနေသော ကုန်စုံဆိုင်(၆)ဆိုင်သို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ပါ ကုန်အညွှန်း အမှတ်အသားသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိ၊ မိတ်ဖတ်ဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည

စားသုံးသူရေးရာဦးစီးဌာန မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ရုံးအုပ် ဦးဘောမ်ဇုန်းသည် ၇.၇.၂၀၂၃ ရက်နေ့ တွင် ဝိုင်းမော်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ လင်းရောင်ခြည်ကိုယ်ပိုင်စာသင်ကျောင်း၌ စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ ဆရာ/ဆရာမ(၃)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ(၃၁)ဦး တက်ရောက်ခဲ့ပါသည်။

စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို တိုးတက်ထုတ်လုပ်ခြင်းဖြင့် စိုက်ပျိုး/မွေးမြူရေး ထုတ်ကုန်များမှ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအထောက်အကူဖြစ်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးဦးသန်းဦးနှင့် ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်တို့သည် ၇-၇-၂၀၂၃ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ကရင်ပြည်နယ်၊လှိုင်းဘွဲ့မြို့နယ်မှ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေ
