သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် (၅-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက်ရှိ “ဦးကျော်အောင်” လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသော ကုန်စုံဆိုင်သို့သွားရောက်ကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှုရှိ/မရှိကို ဈေးကွက်စောင်ကြည့်စစ်ဆေးခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် (၃-၇-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဘုရားလမ်းရှိ မုန့်မျိုးစုံဆိုင်များသို့သွားရောက်၍ ရောင်းချနေသောမုန့်များ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကို ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
_1.jpg?itok=zmvf6Rao)
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၃-၇-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
_1.jpg?itok=uGBs9v8y)
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်း အချိုရည်အရောင်းဆိုင်များတွင်ရောင်းချနေသော Sprite အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားနှင့် FDA ထောက်ခံချက်များပါဝင်းခြင်းရှိမရှိတို့ကို မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မအူပင်မြို့ပေါ်ရှိ အချိုရည်အရောင်း(၃)ဆိုင်သို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။
_1.jpg?itok=cNZhGOB4)
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၃-၇-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၁း၃၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ဂေါ်ဒူးကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ငရုတ်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ အသင်းသား (၈၀) ဦးကို စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းနှင့် ငရုတ်စိုက်ပျိုးထုတ်လုပ်သူများအသင်း၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောအသိပညာပေးဆွေးနွေးမှုများပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
_1.jpg?itok=Sw52Ci8d)