
စားသုံးသူရေးရာကော်မတီဥက္ကဌ၏ လမ်းညွှန်ချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ ၆-၈-၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အောင်မြေသာစံမြို့နယ်ရှိ ရွှေစင်မီနီမတ်၊ ချမ်းအေးသာစံမြို့နယ်ရှိ ရာဇာ ကုန်မျိုးစုံရောင်းဝယ်ရေး၊ချမ်းမြသာစည်မြို့နယ်ရှိ ဖူဂျီရော့ပင်းစင်တာနှင့် မဟာအောင်မြေမြို့နယ်ရှိ cIs2 Super Market တို့အားကွင်းဆင်း၍ လက်ဆောင်ခြင်းများအားဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့မှ လက်ဆောင်ခြင်းများအားဖွင့်ဖောက်၍ ကုန်ပစ္စည်း များတွင် ထုတ်လုပ်ရက်စွဲနှင့် ကုန်ဆုံးရက်စွဲများ ပါဝင်ခြင်း ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ ကုန်ပစ္စည်းများတွင် ထုတ်လုပ်ရက်စွဲနှင့် ကုန်ဆုံးရက်စွဲများ ပါဝင်မှုရှိခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပြည့်စုံစွာပါဝင်မှုရှိသည်တို့ကို စစ်ဆေးတွေ့ရှိ ရကြောင်း သတင်းရရှိပါသည်။
DOCA (မန္တလေး)