
စားသုံးသူရေးရာဦးစီးဌာန ၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် (၈.၁၀.၂၀၂၂) ရက်နေ့ (၁၀:၀၀)အချိန်တွင် မိတ္ထီလာခရိုင် ဦးစီးမှူး ရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်စိမ်းစိမ်းထွေး (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ခရိုင်အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း ၍ မိတ္ထီလာမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များသို့ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရှောင်တခင် စစ်ဆေး ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ဆေးဆိုင်များတွင် ဆေးဝါးလိုင်စင်များရှိ/မရှိနှင့် တရားမဝင် ဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်တင်သွင်းသည့် ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Import Registeration No (IR) များ ဖော်ပြထားခြင်းမရှိပဲ စျေးကွက်အတွင်း ရောင်းချနေခြင်းများရှိ/ မရှိ မြန်မာနိုင်ငံတွင် မှတ်ပုံထားခြင်း မရှိပဲ Online ပေါ်တွင် သုံးစွဲရန်မသင့်ထုတ်ပြန်ထားသော စားသုံးသူများ သုံးစွဲမိပါက ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် တိုင်းရင်းဆေးသည် ရောင်းချခြင်းမရှိ စေရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။ ဆေးအရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် Up Date ဖြစ်သောဆေးများ ၊ ကုန်အညွှန်းအမှတ်အသားနှင့်ပြည့်စုံသော ကုန်ပစ္စည်းများနှင့် တရားဝင်မှတ်ပုံတင်ထားသော ဆေးဝါးများကိုသာ ဆိုင်တင်ရောင်းချရန် အသိပညာပေးခဲ့ ပါသည်။
DOCA(မန္တလေး)
