သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Jun 2022

         နေပြည်တော်ကောင်စီနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းလျက် ဇွန်လ  ၂၀ ရက် နံနက်(၁၀း၀၀)နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဆင့်ပွားသင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ကောင်စီ၊ အစည်းအဝေး ခန်းမ (၂)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

23 Jun 2022

            တနင်္သာရီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်မှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၇.၆.၂၀၂၂) ရက်နေ့၊ နံနက်(၉း၃၀)အချိန်တွင် မြိတ်မြို့ပေါ်ရှိ တိုင်းရင်းဆေးရောင်းချနေသောဆိုင်(၃)ဆိုင်သို့ သွားရောက်၍ Online ပေါ်တွင် ရောင်းချနေသော ရသေ့ဆေး(သို့) ထိုင်းဗိန်းတောဆေးအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

23 Jun 2022

                  စီးပွားရေးနှင့်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးနိုင်ရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်စေရန်အလို့ဌာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို စီမံချက်များ ချမှတ်ဆောင်ရွက်လျှက်ရှိပါသည်။

23 Jun 2022

                   ကျောက်ဆည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊မြို့နယ်ရဲတပ်ဖွဲစသည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် (၉-၆-၂၀၂၂)ရက်နေ့တွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်အုပ်ချုပ်ရေးမှူးက နိုင်ငံတော်မှ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊စျေးနှုန်းမြင့်တက်မှု မရှိစေရေး၊စက်သုံးဆီစျေးနှုန်းတည်ငြိမ

23 Jun 2022

           စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ကရင်ပြည်နယ် ဆီစက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်အတူ  ကရင်ပြည်နယ်အတွင်း စားသုံးဆီထုတ်ကုန်များပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး အထောက်အကူဖြစ်စေရေးအတွက် စားသုံးဆီစက်ရုံတည်ဆောက်မည့် ဘားအံစက်မှုဇုန်ရှိ ဦးမြင့်ဦးပိုင်ဆိုင်သော မြေနေရာသို့ ၁၉-၆-၂၀၂၂ ရက်နေ့ (၁၀:၀၀) အချိန်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Pages