သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် စက်မှုဇုံရှိ PADDY STAR Co, Ltd ၏ ခိုင်ဖြိုးကျော်ဆန်စက်နှင့် စပါးခွံလောင်စာတောင့်စက်ရုံသို့ (၁၆.၁၀.၂၀၂၂)ရက်နေ့ နံနက်(၀၉;၀၀) နာရီက ပြန်ကြားရေးပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ လာရောက်လေ့လာ ကြည့်ရှုခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးသည် ခရိုင်ဦးစီးမှူးရုံးခန်းတွင် အောက်တိုဘာလ(၁၇)ရက်နေ့တွင် ဖျာပုံမြို့နယ်ဒေါ်ညိမ်းကျေးရွာရှိ နေလှန်းဆားထုတ်လုပ်နေသော စီးပွားရေးလုပ်ငန်းရှင်( ၈ ) ဦး အားစားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့၊ မြို့မဈေးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့မဈေးရှိ ဟင်းသီးဟင်းရွက် အရောင်းဆိုင်များသို့ ကွင်းဆင်း စိစစ်ခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံမြို့နယ်တာဝန်ခံသည် ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ပညာရေးဌာနတို့နှင့်အတူ ကျောင်းကုန်းကျေးရွာအုပ်စု မြက်ခါးကျေးရွာသို့ အောက်တိုဘာလ( ၁၈ )ရက် နေ့တွင်လိုက်ပါ၍ သက်ဆိုင်ရာဌာနအလိုက် ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြော ခဲ့ကြပါသည်။