သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ၀န်ထမ်းများသည် ၂၃.၄.၂၀၂၄ ရက်နေ့တွင် သထုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သထုံမြို့မစျေးတာ၀န်ခံနှင့် ပူးပေါင်း၍ သထုံမြို့မှဈေးအတွင်း လက်လီ၊ လက်ကားရောင်းချလျက်ရှိသော ကုန်မျိုးစုံဆိုင်များတွင် စားသုံးဆီများအား ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် ရန်ကုန်မြို့ ထားဝယ်အထူး စီးပွားရေးဇုန်ရုံးမှ လစဉ် (MC) အစည်းအဝေး ၂/ ၂၀၂၄-၂၀၂၅ (MC) အစည်းအဝေးအား Online Virtual စနစ်ဖြင့် ပြုလုပ်ခဲ့ပါသည်။

မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ၀န်ထမ်းများသည် ၂၄.၄.၂၀၂၄ ရက်နေ့တွင် သထုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သထုံမြို့မစျေးတာ၀န်ခံနှင့် ပူးပေါင်း၍ သထုံမြို့မစျေးအတွင်း၌ ရောင်းချလျက်ရှိသော စတိုးဆိုင်များတွင် ကလေးအသုံးအဆောင်ပစ္စည်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်သူများပဋိဇီဝဆေးယဉ်ပါးမှုအန္တရာယ်ကို ကာကွယ်နိုင်ရေးအတွက် ဆေးဝါးအရောင်းဆိုင်များ၌ ဆရာဝန်ဆေးညွှန်းစာဖြင့် ရောင်းချရန် လိုအပ်သည့် ဆေးဝါးများကို ဆေးညွှန်းစာမပါဘဲ ရောင်းချခြင်း ရှိ/မရှိအား မြို့နယ်အစား အသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်းကာ ၂၅.၄.၂၀၂၄ ရက်နေ့က လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ပေးရေးဥပဒေအရ ကုန်စည်(သို့)ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊ စားသုံးသူများဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသောကုန်စည် (သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍သော်လည်းကောင်း စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။
