ပေါင်မြို့နယ်၌ စျေးကွက်အတွင်း “စားအုန်းဆီအမျိုးမျိုး” အား စျေးကွက် စောင့်ကြည့်စစ်ဆေး

Powered by Drupal

   ၈.၈.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ ပေါင်မြို့နယ်၊ မြို့ပေါ်ရပ်ကွက် (၄)ခု၌ စျေးကွက်အတွင်း “စားအုန်းဆီအမျိုးမျိုး” အား စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာ စျေးကွက်အတွင်းရောင်းချနေသော စားအုန်းဆီ အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာဖော်ပြပါရှိခြင်း ရှိ/မရှိ  စစ်ဆေးခဲ့ရာ အဆိုပါ စျေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားမပါရှိသော “စားအုန်းဆီအမျိုးမျိုး” ရောင်းချခြင်း မတွေ့ရှိရဘဲ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားပြီး သက်ဆိုင်ရာဌာန များ၏ ထောက်ခံချက်ပါရှိသော “စားအုန်းဆီအမျိုးမျိုး” ကိုသာ ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA (မွန်)