
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင် နှင့် ဝန်ထမ်းများသည် (၁-၉-၂၀၂၆) ရက် ၊ နံနက် (၁၁:၃၀) နာရီအချိန် တွင် ဘားအံမြို့ရှိ အမှတ် (၁) ရပ်ကွက်အတွင်း Psyche နာမည်ဖြင့် အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ထားသော လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အမှတ် (၁)ရပ်ကွက်၊ ဘားအံမြို့၊ လိပ်စာပါအတိုင်း Psyche နာမည်ဖြင့် မြေပြင်ပေါ်တွင် အမှန်တကယ် ရှိ/မရှိ နှင့် ရောင်းချသည့် ဖက်ရှင်အသုံးအဆောင်ပစ္စည်း များ၊ အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ အမှန်တကယ်ရှိ/မရှိ သွားရောက် စစ်ဆေးခဲ့ရာ မြေပြင်ပေါ်တွင်ဖော်ပြပါ လိပ်စာနှင့် ကုန်ပစ္စည်းများအတိုင်း မှန်ကန်မှုရှိကြောင်း စိစစ်တွေ့ရှိရသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေး အရာရှိ ဦးမျိုးဝင်းနိုင်မှ ဆိုင်ပိုင်ရှင်အား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရမည့် အချက်(၁၈)ချက်အားမေးမြန်း ဆောင်ရွက်ခြင်းနှင့် ကုန်ပစ္စည်းများအား လိုက်လံစစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ကရင်)
