သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချရမှု ရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက

ပြည်တွင်းစားသုံးဆီလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးသည် စစ်ကိုင်းခရိုင် ဦးစီးမှူးရုံး၌ ဧပြီ ၁၀ ရက်နေ့က စစ်ကိုင်းမြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင် (၇)ဦးအား ဖိတ်ကြားတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် (၂၆-၄-၂၀၂၄)ရက်နေ့ ၊ နံနက်(၁၀:၀၀) နာရီအချိန်၌ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် မြို့နယ်အတွင်းရှိစားသုံးဆီ လက်လီ၊လက်ကားရောင်းချ ဖြန့်ဖြူးနေသော စားသုံးဆီလုပ်ငန်းရှင်များနှင့် မန္တလေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည် ။ ဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး ၊ အစားသောက်နှ

၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ ( ၂ / ၂၀၂၄ ) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ စားသုံးရေးရာဌာနခွဲတာဝန်ခံ၊ ချောင်းဦးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း (၂)ဦးတို့သည် ၂၀၂၄ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ “စကားဝါ” အာလူးကြော်၊ ပြောင်းဖူးကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈) အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များသိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည
