သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့နယ် တာဝန်ခံရုံးရှိ ဝန်ထမ်းများမှ (၂၆.၄.၂၀၂၄) ရက်နေ့တွင် အောင်ချမ်းသာဆီစက် လုပ်ငန်းရှင်နှင့် တွေ့ဆုံပြီး အောင်ချမ်းသာဆီစက်မှ ထုတ်လုပ်သော အောင်ချမ်းသာဆီနှင့် စားသုံးဆီအမျိုးမျိုး တို့အား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်၊ ညောင်လေးပင် မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရှိ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ၂၀၂၄ခုနှစ် ဧပြီလအတွင်း ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့(မြို့မဈေး)၊ ၊ ပြွန်တန်ဆာ (စည်ပင်သာယာဈေး)နှင့် ညောင်လေးပင်ရှိ (ရက်ကွက်လက်လီဆိုင်) များရှိ စားသုံးဆီ ရောင်းချမှုပြုလုပ်နေသော ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ ပါသည်။

စားသုံးသူရေးရာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ (၂၄.၄.၂၀၂၄ )ရက်နေ့ နံနက်ပိုင်းတွင် ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့ မြို့မဈေးအတွင်းရှိ စားသုံးဆီ ရောင်းချမှုပြုလုပ်နေသော ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခြင်းများ ပြုလုပ်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပျဉ်းမလွင်ကျေးရွာတွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားရှိသော တစ်ကွင်းတစ်ဆက်တည်း နွေစပါးဧက ၅၀၀ စိုက်ခင်း တွင် စံကွက်ရိတ်သိမ်းခြင်းအား (၂၅.၄.၂၀၂၄)ရက် နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre )တွင် စားသုံးကာကွယ်ရေးအသိပညာပေး Talk Show ကို (၂၆.၄.၂၀၂၄) ရက်နေ့ နံနက် (၀၉:၀၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
