သတင်းနှင့် လှုပ်ရှားမှုများ
ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးဌာနတို့ ပူးပေါင်း၍ ပြည်တက္ကသိုလ်ပါမောက္ခချုပ်၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် (၁၅.၁၂.၂၀၂၂) ရက်နေ့တွင် ပြည်တက္ကသိုလ် ဘက်စုံသုံးခန်းမ၌ စားသုံးသူကာကွယ်ရေးနှင့် အစားအသောက်ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိနိုင်ရေးရည်ရွယ်၍ စားသုံးသူအသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် (၁.၁၂.၂၀၂၂) တွင် ပြည်မြို့ မူလွန် (တွင်းဗြည်း)ကျောင်း၊ (၉.၁၂.၂၀၂၂)တွင် ပြည်မြို့ အ.ထ.က (အမှတ်-၂)ကျောင်း၊ (၂.၁၂.၂၀၂၂) တွင် ပန်းတောင်းမြို့ မူလွန်(ခတ္တိယ)ကျောင်း၊ (၅.၁၂.၂၀၂၂)တွင် ပန်းတောင်းမြို့ မူလွန် (သီးကုန်း) ကျောင်း၊ (၂၀.၁၂.၂၀၂၂)တွင် ပန်းတောင်းမြို့ မူလွ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်ရှိ အမှတ်(၂) အခြေပညာအထက်တန်းကျောင်းသို့ (၂၀.၁၂.၂၀၂၂)ရက်နေ့ နံနက်ပိုင်းတွင် ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ မိတ်ဖက်ဌာနဆိုင်ရာများဖြစ်ကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူခင်းသတင်းအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် ပူးပေါင်း၍ စားသုံးသူအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ် ၊ မြို့မရပ်ကွက်(၂)လမ်း တောင်ပိုင်း၌ မဟာဓာတု တိုင်းရင်းဆေးရောင်းချနေသောဆိုင်သို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိကို ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ (၁၆) ရက်နေ့ ၊ နေ့လယ် (၁၃ : ၀၀) နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးအောင်သိန်း ၊ စားသုံး/ ထုတ်လုံ ဌာနခွဲတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ ၊ ဒု-ဦးစီးမှူး ဦးကိုကိုနိုင်တို့မှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာကာကွယ်ရေး ဥပဒေအရ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏ ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ ဂုဏ်သိက္ခာကိုဖြစ်စေ ဥပဒေနှင့်မညီဘဲ စားသုံးသူအခွင့်အရေးချိုးဖောက်ခံရပါက တိုင်ကြားနိုင်သည့်သတင်း