သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးသည် ၂၉.၄. ၂၀၂၄ ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၆၇) ဘီ/ ၁ လမ်း၊ (၈) ရက်ကွက်ရှိလူ သုံးကုန်ပစ္စည်းများထုတ်လုပ်သည့် သရဖူစံလုပ်ငန်းမှ စီးပွားရေးလုပ်ငန်းရှင် ဦးမျိုးလွင်ကျော်နှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးသည် ၃၀.၄. ၂၀၂၄ ရက်နေ့တွင် တောင်ဒဂုံမြို့နယ်ရှိ CLEAN အမှတ်တံဆိပ်လူသုံးကုန်ပစ္စည်းများထုတ်လုပ် သည့် GOLD POWER Co.,Ltd မှ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်မောင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ သင်္ယန်းကျွန်းမြို့နယ်တာဝန်ခံသည် စားသုံးဆီရောင်းချသောကုန်စုံဆိုင်များအား (၃၀-၄-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီ အချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၏လမ်းညွှန်မှာ ကြားချက်အရ၊ တိုင်းဒေသကြီးကွပ်ကဲမှုအောက်ရှိ ခရိုင်ဦးစီးမှူးရုံးများအနေဖြင့် ခရိုင် အတွင်းမြို့နယ်များ တွင် ရောင်းချနေသောဘိလပ်မြေဆိုင်များတွင် ဘိလပ်မြေအမျိုး အစားများ၊ တစ်မျိုးချင်းစီ၏ တစ်အိတ်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ၊ ကုန်ပစ္စည်း လက်ကျန် အခြေအနေများကို သိရှိနိုင်ရန် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်၍ တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့တင်ပြ ပေးလျက်ရှိကြောင်း သိရှိရပါသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအသီသီးရှိ MSMES စီးပွားရေးလုပ်ငန်းရှင်များ စားအုန်းဆီများ ဝယ်ယူမှု အဆင်ပြေလွယ်ကူချောမွေ့စေရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များအသင်း တို့ပူးပေါင်းပြီး စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဟိုတယ်၊ စားသောက်ကုန်ထုတ်လုပ်ရောင်းချသူများ၊ စားသောက်ကုန်ထုတ်လုပ်သည့် အသေးစား၊ အလတ်စား စားသောက်ကုန် လုပ်ငန်းရှင်များအတွက် စက်မှုကုန်ကြမ်းသုံး စားအုန်းဆီများကို ရန်ကုန်တိုင်းဒေသကြီး
