သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၂၆.၁၀.၂၀၂၂) နေ့ နံနက် (၀၈:၃၀) နာရီမှစ၍ မအူပင်အခွန်လွတ်ဈေး၊ ကုန်စိမ်းဈေးနှင့် တာပေါ်ဈေးများတွင် ရောင်းချနေသော ပဲပြားနှင့်ပဲသွေးအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ခဲ့ကြ ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဒု-ခရိုင်ဦးစီးမှူး ဦးမိုးမင်းသန်းနှင့် မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးတို့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ (၂၅.၁၀.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀) နာရီက မြောင်းမြမြို့နယ်၊ အထက(၆)ကျောင်းရှိ ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၅.၁၀.၂၀၂၂) ရက် နေ့ နေ့လယ် (၁၃:၀၀)နာရီက မြို့မဈေးတာဝန်ခံရုံးတွင် ကုန်မျိုးစုံလုပ်ငန်းရှင်များအား ကုန်အညွှန်းဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများ၊ မိတ်ဖက်ဌာနများဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ အားကာ/ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂၅.၁၀.၂၀၂၂) နေ့တွင် (၀၉:၄၅)နာရီ အချိန်တွင် ညောင်တုန်းမြို့ ပေစိကျွန်းကျေးရွာရှိ အ.ထ.က(ခွဲ)ကျောင်းတွင် ကျောင်းသူ/ ကျောင်းသူ (၂၁၀)ဦး နှင့် ဆရာ/ ဆရာမ (၂၄)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် မီးသတ်တပ်ဖွဲ့ဝင်များကို (၂၄.၁၀.၂၀၂၂)ရက်နေ့ (၁၄:၀၀)နာရီမှ (၁၅:၀၀)နာရီအချိန်ထိ အမှတ်(၃)ရပ်ကွက်(၆) လမ်းမီးသတ်ဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ပြုလုပ်ဆွေးနွေးခဲ့ပါသည်။