သတင်းနှင့် လှုပ်ရှားမှုများ
ကသာခရိုင်၊ ကောလင်းခရိုင်များတွင် ၂၀၂၂-၂၀၂၃ခုနှစ် မိုးစပါးကောက်သစ်အား အောက်တိုဘာလ နောက်ဆုံးပတ်တွင် စတင်ရိတ်သိမ်းနေကြပြီဖြစ်သည်။ ယခုရိတ်သိမ်းသောစပါးမှာ ကောက်စော ဆင်းဧကရီ (၃) ခေါ် ဆင်း(၃)စပါးဖြစ်ပြီး စတင်ပေါ်ချိန် တစ်တင်း ၇၀၀၀ ကျပ်ဈေးဖွင့်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စိုက်ပျိုး ထုတ်လုပ်သူများအသင်းတို့နှင့် ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်/ဘုရင့်နောင်) တို့၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး၌ ဧရာဝတီပေါ်ဆန်း 10Kg (5 ပြည်) တစ်အိတ်လျှင် ၁၃၈၀ဝိ/- ဖြင့်လည်းကောင်း၊ ရက် (၉၀) ဆန် 10Kg (5 ပြည်) တစ်အိတ်လျှင် ၁၀ဝ၀ဝိ/- ဖြင့်ရောင်း
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်တွင် နေကြာသီးနှံစပ်မျိုးနှင့် သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို (၂၁.၁၀.၂၀၂၂)ရက်နေ့၊ သန်လျင်မြို့နယ် အ.ထ.က(၁) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့၏ ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်ရေးမှူး၊ တိုင်း/ခရိုင် စီမံ အုပ်ချုပ်ရေး၊ ဥက္ကဌနှင့် ခရိုင်မြို့နယ်အဆင့် စိုက်/ကြပ်အဖွဲ့ဝင်များ၊ နေကြာသီးနှံမျိုးစိုက်ပျိုးမည့် ကျေးရွာများမှ တောင်သူများအပါအဝင် စုစုပေ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၂၀.၁၀.၂၀၂၂)ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံ ဦးလေးလွင်သည် (၂၀.၁၀.၂၀၂၂)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူ အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။