
စားသုံးသူရေးရာဦီးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာ့ဆန်စပါးအွန်လိုင်း(Myanmar Rice Online_MyRo )တွင် ဆန်/စပါးသိုလှောင်မှုလုပ်ငန်း၊ သိုလှောင်မှုအခြေအနေနှင့် နိုင်ငံအနှံရှိ သိုလှောင်ရုံများကို ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျမှတ်ပုံတင်ပြီး ဆန်ဈေးကွက်နှင့် ဆန်ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးရည်ရွယ် ဆောင်ရွက်လျက်ရှိသဖြင့် ဝမ်းတွင်းမြို့နယ်ရှိ ရွှေထိပ်တန်း ဆန်စက်အား MyRo တွင် ဆန်/ စပါး သိုလှောင်ရုံမှတ်ပုံတင်နိုင် ရေးကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်စက်လုပ်ငန်းရှင်များအား ဆန်တန်ချိန်(၂၅)တန်နှင့် အထက် (သို့မဟုတ်) စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံတစ်မျိုးပိုင်ဆိုင်သူသည် MyRo တွင် ဆန်/ စပါးသိုလှောင်ရုံမှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ရာတွင်www.myro.com.mm တွင် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ရာတွင်လိုအပ်သည့်အချက်အလက်များကို ရှင်းလင်းပြောကြားဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (မန္တလေး)