သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ဖုန်းဆိုးစုအုပ်စု၊ ရဲတမံရွာ ထိပ်တွင် ဧက(၃)ဧက ခန့်ရှိသော နေရာ၌ တိုးမြင့်နို့စားနွားမွေးမြူရေးခြံသို့ (၂၅.၄.၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် စားသုံးသူရေးရာဦးစီးဌာန ကြို့ပင်ကောက်မြို့နယ်တာဝန်ခံနှင့် တိရိစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူးတို့သည် နွားမွေးမြူထားသော အခြေအနေ အား သိရှိနိုင်ရန် သွားရောက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်တာဝန်ခံရုံးရှိ ဝန်ထမ်းများသည် (၂၅.၄.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် အုတ်ဖိုမြို့နယ်အတွင်းရှိ အိမ်ဆောက် ပစ္စည်းဆိုင်များသို့ ဈေးနှုန်းစာရင်းများနှင့် ပစ္စည်းများရောင်းချမှု လက်ကျန် စာရင်းများ တင်သွင်းမှု၊ အခြေအနေများအား သွားရောက်ကြည့်ရှုမေးမြန်းခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ သည် (၂၆.၄.၂၀၂၄) ရက်နေ့တွင် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ခဲ့ ပါသည်။

စားသုံးသူရေးရာဦးစီးဌာန သာယာဝတီခရိုင်ဦးစီးမှူးဦးသန်းစိုးသည် မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများနှင့်အတူ (၂၆.၄.၂၀၂၄)ရက်နေ့ အုတ်ဖိုမြို့နယ် တာဝန်ခံရုံးတွင် အုတ်ဖိုမြို့နယ်ဆီ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အုတ်ဖိုမြို့နယ်၏ စားသုံးဆီရရှိမှုနှင့် ဆီခွဲဝေရောင်းချမှု အခြေအနေများ၊ လုပ်ငန်းသုံးဆီလျှောက်ထားမှု၊ ရောင်းချမှု အခြေအနေများကို တွေ့ဆုံဆွေးနွေး မေးမြန်းခဲ့ ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့၌ စားသုံးသူရေးရာဦးစီးဌာန သာယာဝတီခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၂၉.၄.၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးအပြင်တန်းရှိဆေးနှင့် ဆေးပစ္စည်းဆိုင်များဖြစ်သော ဒီလှိုင်းစတိုး၊ ကိုဖိုးချိုဆေးဆိုင်များ အား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ ကို လက်ပံတန်းမြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုနှင့် ဦးကိုကိုနိုင် တို့မှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
