မကွေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၏ (၄/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

  စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်၊ စားသုံးသူနှင့်စီးပွားရေးလုပ် ငန်းရှင်တို့အကြား အငြင်းပွားမှုဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းပေးရန်နှင့် အတည်ပြုဆုံးဖြတ်ပေးရန်၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်၊ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် အတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေနှင့် ၂၀၂၅ခုနှစ်၊ မေလ၊ ဇွန်လနှင့်ဇူလိုင်လအတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့မှုများကို မှတ်တမ်း တင်ရန်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များချမှတ်နိုင်ရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၇.၈.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးရုံးအစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

     အခမ်းအနားတွင် ကော်မတီဥက္ကဌက အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူးက (၃/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေ အနေများနှင့် ၂၀၂၅ ခုနှစ်၊ မေလ၊ ဇွန်လနှင့် ဇူလိုင်လများအတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခြင်း၊ ဆွေးနွေးချက်များအပေါ် ဆုံးဖြတ် ချက်များရယူခြင်း၊ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များမှ ဆွေးနွေးခြင်းတို့‌ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများစုစုပေါင်း(၁၄)ဦးတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မကွေး)