
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီး မှူးနှင့် ဝန်ထမ်းသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူမြို့ ပေါ်ရှိ အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များသည် မြို့နယ်အတွင်း ရောင်းချနေသော လုပ်ငန်း၊ နေရပ်လိပ်စာနှင့် ကုန်စည်များသည်မြေပြင်တွင် အမှန်တကယ်ကိုက်ညီမှု ရှိ/မရှိ မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းကို(၁၈.၉.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် အွန်လိုင်းမှတ်ပုံတင် ထားသည့် ဆန်ရောင်း ဝယ်ရေး လုပ်ငန်းရှင်ထံသို့ သွားရောက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းမှ မှတ်ပုံတင်ထားသည့်လုပ်ငန်းဖြစ်သည့် ဆန်းရောင်းဝယ်ရေးလုပ်ကိုင်သည့်လုပ်ငန်းရှင်ထံသို့ သွားရောက် ၍ အွန်လိုင်းရောင်းချခွင့် လုပ်ငန်းမှတ်ပုံတင် လျှောက်ထားစဉ်က ဖြည့်သွင်းထားသည့် နေရပ်လိပ်စာ၊ ရောင်းချရန် ကုန်စည်(သို့)ဝန်ဆောင်မှုအမျိုးအစား ကိုက်ညီမှုရှိ/မရှိ စသည်တို့ကို မေးမြန်းစစ်ဆေးခြင်း များ၊ အွန်လိုင်းရောင်းချမှုလုပ်ငန်းနှင့် စပ်လျဉ်း၍ မြေပြင်စစ်ဆေးခြင်း လုပ်ငန်းများကို လုပ်ထုံးလုပ်နည်း များနှင့် အညီစနစ်တကျဆောင်ရွက်လျက်ရှိပြီး မှတ်ပုံတင်လက်မှတ်ရရှိပြီးနောက် တာဝန်ဖောက်ဖျက်မှု မရှိစေရန်ကို မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်းများ လုပ်ငန်းစဉ်အတိုင်း စစ်ဆေးဆောင်ရွက်မည် ဖြစ်ပြီး တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်နိုင်ကြောင်း၊ စားသုံးသူ ကာကွယ်ရေး ဥပဒေ၂၀၁၉အရလည်း အရေးယူခံရမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအကြောင်းများကို အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်အားသိရှိနိုင်စေရန် အသိ ပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
