ဦးစားပေးကုန်စည်ဖြစ်သော သောက်ရေသန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူ ပြည်သူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော သောက်ရေသန့် အမျိုးမျိုးအား ဝယ်ယူ သုံးစွဲနိုင်ရန် ရည်ရွယ်၍(၁၆..၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ပခုက္ကူမြို့၌ သောက်ရေသန့် အမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များထံသို့ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်း စေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော သောက်ရေသန့်အမျိုးမျိုးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (/၂၀၁၉) ကုန်စည်အုပ်စု ()ခုတွင် ပါရှိရမည့် အချက်အလက်များ ပြည်စုံစွာဖော်ပြထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး မိမိတို့ ရောင်းချသည့် ကုန်စည်များ တွင် ကုန်အညွှန်းအမှတ်ဖော်ပြရမည့်အချက်များ ပြည့်စုံစွာပါရှိရန် လိုအပ် ကြောင်း၊ ပြည့်စုံမှုမရှိသေးသည့် ကုန်စည်များကိုလည်း ကုန်စည်များလာရောက်ပေးပို့သည့် လုပ်ငန်းရှင်များအား ပြည့်စုံစွာဖော်ပြရန် လိုအပ် ကြောင်း ပြောပြရန် အသိပညာပေးခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေးမှုအရ သောက်ရေသန့်အမျိုးမျိုးတွင် သက်တမ်းကုန်ရက်စွဲ၊ ထုတ်လုပ်သည့်နေရာ၊ ပါဝင်သည့်ပစ္စည်းများအပြင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများသည် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်အမှတ်(/၂၀၁၉)အရ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည်ကို  စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(မကွေး)