ပြည်ခရိုင်အတွင်းရှိ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်း

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့်   ရပ်ကွက်/ ကျေးရွာနေ    စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သောကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရေး ရည်ရွယ်၍ခရိုင်အတွင်း မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြော ဆွေးနွေးခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိရာ၂၀၂၆ခုနှစ်၊ ဩဂုတ်လ(၁၆)ရက်မှ(၃၁)ရက်အတွင်း ပြည်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည်ကသဲဈေးတာဝန်ခံရုံးနှင့်ပြည်သာယာရပ်ကွက်သို့လည်းကောင်း၊ရွှေတောင်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည််ရွှေတောင်မြို့၊ အ.လ.က(ကြာနီကန်) ကျောင်းသို့လည်းကောင်း၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်အ.မ.က(မူလွန်)ဝန်လိုကျောင်းသို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက််ဆံရေးဦးစီးဌာန တွင်  Talk Show အစီအစဉ်ဖြင့်လည်းကောင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါအသိပညာပေးဟောပြောခြင်းများဆောင်ရွက်ရာတွင်စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြခြင်းဆိုင်ရာ အချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါကတိုင်ကြားနိုင်သည့် နစ်နာသည့် စားသုံးသူ၊ နစ်နာသည့်စားသုံးသူ၏ မိသားစုဝင်များ၊ နစ်နာသည့်စားသုံးသူနှင့်ဆက်နွယ်‌သော ပုဂ္ဂိုလ်များ၊ အစိုးရဌာနအဖွဲ့အစည်းများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များကတိုင်ကြားနိုင်ကြောင်းနှင့်တိုင်ကြားနိုင်မည့် နေရာ များဖြစ်သည့်သက်ဆိုင်ရာဦးစီးမှူးရုံးရှိ CICCရုံးခန်း၊ Consumer Call Center(1535)နှင့် www.doca.gov.mmမှတစ်ဆင့်တိုင်ကြားနိုင်ကြောင်း၊စားသုံးသူ ကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ် ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ် ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရပါသည်။

DOCA(ပဲခူး)