စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်ပခုက္ကူ ခရိုင် ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်း ဖော်ပြ ထားခြင်းရှိ/မရှိ၊ စားသုံးသူများနေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေး အန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြား ချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်မရောက်မီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက် လျက်ရှိပါသည်။ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဆောင် ရွက်လျက်ရှိ ပါသည်။
ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် FDA၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် ပူးပေါင်း၍(၁၇.၉. ၂၀၂၆)ရက်နေ့၊ နံနက်(၁၀း၀၀) အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ စားသုံးဆီ လုပ်ငန်း ရှင်မှ ထုတ်လုပ်သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရန် ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များမှ မိမိတို့ထုတ်ပိုးသော ကုန်စည်များ၌ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစွာဖော်ပြရန် အသိပညာပေးပြီး စီးပွားရေး လုပ်ငန်းရှင် ၏ တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာအချက်အလက်များနှင့် ကုန်စည် များအား ဈေး ကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းပြည့်စုံသည့် တံဆိပ်များကိုသာ ထည့်၍ ရောင်းချရန် လိုအပ်ကြောင်း ဒု-ခရိုင်ဦးစီးမှူးကဆွေးနွေးခဲ့ပြီး လုပ်ငန်းလည်ပတ်နေမှုအား လေ့လာခဲ့ပါသည်။ ဈေးကွက်မရောက်မီဖြန့်ဖြူးမည့် ကုန်စည်များတွင်သက်တမ်းကုန်ရက်စွဲ၊ ထုတ်လုပ် သည့်နေရာ၊ ပါဝင်သည့်ပစ္စည်းများအပြင်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများသည် မြန်မာနိုင်ငံစားသုံးသူကာ ကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ်(၂/၂၀၁၉) အရ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရ ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
