
(6.8.၂၀၂၅)ရက်နေ့ ညနေ(၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၂)ဦးတို့သည် အင်းစိန်မြို့နယ်ရှိ စု အွန်လိုင်းရှော့ အမည်ဖြင့် Online လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသောအချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(၂၁/အခန်း(၂၀၆)၊ အောင်ဇေယျလမ်း၊ ကမ်းနား အလယ်ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ “စုအွန်လိုင်းရှော့”အမည်ဖြင့် Online စနစ်ဖြင့် ရောင်းချမှု အား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာ ပုံစံတွင်ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/ မရှိနှင့် ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှု အမျိုးအစား စာရင်း အတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)