သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့်မအူပင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး Communit Center ခန်းမ၌ စားသုံးသူအသိပညာပေး Talk Showကို အောက်တိုဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁၃:၀၀နာရီက ကျင်းပပြုလုပ်ခဲ့ကြပါသည်။
ကချင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း(ဒုဦးစီးမှူး) သည် ၂၅.၁၀.၂၀၂၂ ရက်နေ့ နေ့လယ် (၁၃.၀၀)နာရီအချိန်တွင် ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်ရှိ လက်လီ/လက်ကားကုန်မျိုးစုံရောင်းချသောစီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
တနင်္သာရီတိုင်း ဒေသကြီး၊ စားသုံးသူ ရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ ဟောပြောပွဲတွင် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူးက အစားအသောက်နှင့် ဆေးဝါးဆိ
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြမြို့နယ်ဦးစီးမှူး ဦးဝင်မင်းစိုးနှင့် ဝန်ထမ်းများသည် ၂၄.၁၀.၂၀၂၂ နေ့ (၁၀:၃၀)အချိန် တွင် ဓနုဖြူမြို့နယ် ရေတွင်းကုန်း ဘုန်းတော်ကြီး ကျောင်းတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဇော်လင်းအောင်၊ ဒု-ခရိုင်ဦးစီးမှူးဦးမိုးမင်းသန်း၊ မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၂၄.၁၀.၂၀၂၂)ရက်နေ့ နံနက် (၀၉;၃၀)နာရီက မြောင်းမြမြို့နယ်၊ စိုက်ပျိုးရေးသိပ္ပံကျောင်းရှိ ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။