တာချီလိတ်မြို့ပေါ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးနှင့်ပူးပေါင်း၍ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်၊ အာခါဈေးနှင့် ဆန်ဆိုင်း(က)အတွင်းရှိ ဆန်ဆိုင်များအား ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန် အခြေအနေနှင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာချီလိတ်မြို့၊ ဝမ်ကောင်း ရပ်၊ အာခါဈေးနှင့် ဆန်ဆိုင်း(က)အတွင်းရှိ ဆန်ဆိုင်များတွင် ဧည့်မထဆန်နှင့် ပေါ်ဆန်းမွှေးများကို အဓိကရောင်းဝယ်မှုပြုကြသည်ကို တွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးများမှ ဆန်ဆိုင် ပိုင်ရှင်များအား သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းဝယ်မှုပြုကြရန်၊ ဈေးကစားရန်အလို့ငှာ သိုလှောင်ခြင်းများမပြုကြရန်၊ ဆန်တန်ချိန်(၂၅)ဆံ့သိုလှောင်ရုံများအား MyRo တွင်မှတ်ပုံတင်ရန် ကျန်ရှိသောဆန်ဆိုင်များအား မှတ်ပုံတင်ပြုလုပ်ရန်၊ မှတ်ပုံတင်ထားရှိသောသိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား Update ဖြည့်သွင်းနိုင်ရေးနှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ သင့်တင့်မျှတသောဈေးနှုန်းဈေးကွက် ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ပါသည်။

(DOCA ရှမ်း)