သတင်းနှင့် လှုပ်ရှားမှုများ
တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာသည် မိရိုဖလာလုပ်ငန်းဖြစ်သော မြေအိုးလုပ်ငန်းအား လုပ်ကိုင်ကြသူ များပြားလှပါသည်။ အဓိကအားဖြင့် သောက်ရေအိုးနှင့် ပန်းအိုး အား အဓိကလုပ်ကိုင်သည်ဟုလည်း သိရှိရပါသည်။ မြေအိုးများ ပြုလုပ်ရန်အတွက် အဓိကကုန်ကြမ်းများမှာ ရွှံစေးမြေ၊ သဲ၊ မြေနီ၊ ထင်း၊ ကောက်ရိုးနှင့် စပါးခွံတို့လိုအပ်ပါသည်။
တောင်ငူမြို့နယ်၊ ဆိပ်ဖူးတောင်ကျေးရွာအုပ်စု၊ ဘုရားခြေရင်းကျေးရွာ၊ တောင်ငူ-သံတောင် လမ်းမဘေးရှိ မုန့်ဖတ်ခြောက်လုပ်ငန်းသည် အောင်မြင်သော ဒေသထွက် တန်ဘိုးမြှင့်ထုတ်ကုန် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ လုပ်သားအင်းအား ၃၀ ဦးဖြင့် လျှပ်စစ်မီးရရှိမှုအပေါ် မူတည်ကာ တစ်နေ့လျင် ကုန်ကြမ်း ဆန်အိတ် ၅၀ အထိ ထုတ်လုပ်နိုင်သည့် လုပ်ငန်းဖြစ်ပါသည်။
တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာရှိ အုန်းဆံတံမြက်စည်းလုပ်ငန်း မှ ထုတ်လုပ်ရောင်းချလျက်ရှိသော အုန်းဆံတံမြက်စည်းများသည် သုံးစွဲသူများပြားပြီး ဈေးကွက်ဝင်သည့် အတွက် ဒေသတွင်းဖြစ်သော ရေတာရှည်၊ တောင်ငူ၊ ဖြူး၊ ကျောက်တံခါး၊ ညောင်လေးပင် မြို့နယ်များအပြင် ရှမ်းပြည်နယ်အထိ ဈေးကွက်ထိုးဖောက်လျက်ရှိကြောင်း သိရှိရပါသည်။
မြန်မာ့ရိုးရာအစားအစာများစွာ ရှိသည့်အနက် ခဲတံဝါး(ခေါ်) ကောက်ညှင်းကျည်တောက်သည်လည်း ယခုရာသီတွင်နာမည်ကြီးသော အစားအစာတစ်ခုဖြစ်ပါသည်။ ခဲတံဝါးကိုပြုလုပ်ရာတွင် လိုအပ်သောကုန်ကြမ်းမှာ တင်းဝါးနှင့် ကောက်ညှင်းဆန်ဖြစ်ပါသည်။ ခဲတံဝါးပြုလုပ်ပုံမှာ တင်းဝါး အနေတော်တစ်လုံးကို ကောက်ညှင်းဆန် ထည့်ရန်အတွက် အဆစ်တစ်ခုစီတိုင်းမှ ဖြတ်တောက် ထားရပါသည်။ ထိုဖြတ်တောက်ထားသော အဆစ်ထဲသို့ ကောက်ညှင်းဆန်နှင့်ရေကို သင့်တင့် မျှတစွာထည့်၍ အဆစ်ထိပ်ဝကို ကောက်ရိုးဖြင့် ပိတ်ထားရပါသည်။ ထို့နောက် ကောက်ညှင်းဆန်နှင
တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဆွာချောင်းတံတားမြောက်ဘက်ရှိ ဆီဆုံကုန်းကျေးရွာသည် မိရိုးဖလာ လယ်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသော်လည်း တစ်ဖက်တလမ်းမှ အပိုဝင်ငွေရရှိစေရန်အတွက် တပိုင်တနိုင်လုပ်ငန်းအဖြစ် ဝါးကုလားထိုင်လုပ်ငန်းကို လုပ်ကိုင်ကြပါသည်။ ဝါးကုလားထိုင်ပြုလုပ်ရန်အတွက် လိုအပ်သောကုန်ကြမ်းများမှာ ကြက်သောင်းဝါး၊ ဝါးကျစ်၊ ဝါးပျက်နှင့် သံတို့ဖြစ်ပါသည်။