အသင့်သောက်ကော်ဖီမစ်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃) ဦး တို့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Ocean Super Center သို့ (၄.၈.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် အသင့်သောက်ကော်ဖီမစ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ် အသား ပြည့်စုံ ခြင်းရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့စစ်ဆေးခဲ့ရာတွင် အမှတ်(၂၄၆)၊ မက္ခရာမင်းသားကြီးမောင်ပျိုလမ်း၊ စက်မှုဇုန်(၂)ရှိ Ocean Super Center သို့ အသင့်သောက်ကော်ဖီမစ်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ရာ တာဝန်ခံမှ ပူးပေါင်းပါဝင်လျက် ရောင်းချနေသော ကုန်စ္စည်း(၇)မျိုးတို့တွင် ဥပဒေပါ အခန်း (၁၈)တွင် ဖော်ပြ ရမည့်အချက်များဖြစ်သော အသင့်ဖျော်ကော်ဖီ၊ ပုံမှန်အရသာ၊ မြန်မာကော်ဖီမိုက်ခရိုဂရောင်း အသင့်ဖျော်ဟက်ပီတို့ကို မြန်မာဘာသာဖြင့်သိသာထင်ရှားစွာ ဖော်ပြထား ကြောင်း စစ်ဆေးတွေ့ရှိ ရပြီး တာဝန်ခံအား စီးပွားရေးလုပ်ငန်းရှင် လိုက်နာဆောင်ရွက်ရမည့် အချက်များကိုလည်း အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)