Thit Collection အွန်လိုင်းရှော့သို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် 6.8.၂၀၂၅ ရက်နေ့ နေ့လည်(၁:၀၀)နာရီအချိန်တွင် အမှတ်(၃/၁၅/၈၂)၊ တော်ဝင်လမ်း၊ အမှတ် (၃) ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်ရှိ Thit Collection အမည်ဖြင့် Online မှတ်ပုံတင်ထားရှိသည့် လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင ်ထားရှိသည့် အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/မရှိနှင့် အခြားလိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA (ရန်ကုန်)