ကုန်အညွှန်းအမှတ်အသားများ မှန်ကန်မှု ရှိ/မရှိ ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်  ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ဝမ်းတွင်းမြို့နယ်၊ ဆင်ချည်တိုင်ကျေးရွာရှိ “ရွှေနန်းထိုက်” ကြက်သွန်ကြော်လုပ်ငန်းအား လုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိ/ မရှိအား ဈေးကွက်မရောက်မီကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ခဲ့သည့်ဌာနများနှင့် အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအား ပစ္စည်းများ၏ ထုတ်ပိုးမှုအပြင်အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း (၁၈) ၌ပါရှိသည့် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာပါရှိစေရန်နှင့် ထုပ်ပိုးသည့် ကုန်ပစ္စည်းများအား သန့်ရှင်းသပ်ရပ်စေရန်နှင့် ဈေးကွက်အတွင်းတင်ပို့ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ပစ္စည်းများကိုရောင်းချပါရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)