ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအသိပညာပေးဟောပြောပွဲ

Powered by Drupal

       ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၇) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် နမ့်စန်မြို့နယ် ၊ တွံတီးကျေးရွာတွင် လွိုင်လင်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပသော Bakeryထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ၌ စားသုံးသူကာကွယ်ရေးအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ပါသည်။ ထိုဟောပြောပွဲသို့ သင်တန်းသူများနှင့် ရပ်ကွက်သူ ရပ်ကွက်သားများ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းတိုး (ဦးစီးအရာရှိ)က ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ ပါသည်။ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့်အချက်များ၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်း အမှတ်အသားပါ အချက်အလက်များကို ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပါသည်။

DOCA (ရှမ်း)