
၁၇-၇-၂၀၂၅ ရက်နေ့ နံနက် (၁၀.၀၀) နာရီအချိန်တွင် မြို့နယ်စီမံကိန်းအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် ရက်ကွပ်/ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး/စာရေးများသည် သာစည်မြို့ပေါ်ရှိ စိုက်ပျိုးရေး အသုံးပစ္စည်းအရောင်းဆိုင် (၆) ဆိုင်အား တရားမဝင် ပိုးသတ်ဆေး/ ပေါင်းသတ်ဆေး ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ ကြကြောင်း သိရှိရပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စိုက်ပျိုးရေးမှ စိုက်ပျိုးရေးလိုင်စင်များ၊ လုပ်ငန်းလိုင်စင်များ သက်တမ်းကုန်ဆုံးခြင်းရှိ/ မရှိ၊ မြို့နယ် ကျန်းမာရေးမှ ကျန်းမာရေးနှင့် အညီ ရောင်းချစေရေး၊ မြို့နယ်စားသုံးသူရေးရာမှ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ကိုက်ညီမှုရှိ/ မရှိ ကုမ္ပဏီများမှ တင်သွင်းသည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ် ဆေးများအား ဈေးနှုန်းဈေးကွက် မေးမြန်းစုံစမ်းခြင်း၊ ၁၀ ရာခိုင်နှုန်းထက်မပိုသော ဈေးနှုန်းဖြင့် ရောင်းချစေရေး၊ သက်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်း၊ စည်းကမ်းချက်များနှင့် အညီ လိုက်နာဆောင်ရွက်မှုရှိ/ မရှိ ကွင်းဆင်စစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ရာ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ လိုက်နာဆောင်ရွက် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)