TISSUE အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၄)ရက်နေ့ (၁၀:၁၅)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် အမှတ်(၂၄၆)၊ မက္ခရာမင်းသား ကြီးမောင်ပျိုလမ်း၊ စက်မှုဇုန်(၂)၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်သို့ Tissue အမျိုးမျိုးတို့တွင် ကုန် အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/မရှိ စစ်ဆေးခဲ့ပါသည်။

      ထိုသို့စစ်ဆေးခဲ့ရာ၌ Tissue အမျိုးမျိုးဖြစ်သော Smile၊ Happy၊ ORCHID၊ CLEAN၊ City Value၊ Cherry၊ Shwe နှင့် Penguin တို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထား သည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ၊ မြန်မာဘာသာဖြင့် ဖော်ပြ ရမည့်အချက်များမဖြစ်မနေထည့်သွင်းဖော်ပြခြင်းရှိ/မရှိနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ရာ ညွှန်ကြား ချက်များနှင့်အညီ ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး တာဝန်ခံအား ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များအကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)