
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့် ရပ်ကွက်များရှိ အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များသို့ (၆-၈-၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် အခြေခံစားကုန်ပစ္စည်း ဈေးနှုန်းအခြေအနေများအား စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ဈေးကွက်အတွင်း မြေပြင်ကွင်းဆင်း စစ်ဆေးရာတွင် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဆန်ဆိုင်များတွင် ရောင်းချနေသော ဆန်ကြမ်း၊ ဆန်ချောများ၏ ဆန်(၁)ပြည်ဈေးနှုန်း (၁)အိတ်ဈေးနှုန်းများသည် သတ်မှတ်ရည်ညွှန်းဈေးများနှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ အခြေခံစားကုန် မီးဖိုချောင်သုံး ကုန်ခြောက်ပစ္စည်းများ ရောင်းချသော ကုန်ခြောက်ဆိုင်များတွင် အခြေခံစားကုန်ပစ္စည်းဈေးနှုန်းများ ကောက်ခံခြင်း၊ ကြက်သားဆိုင်၊ ဝက်သားဆိုင်၊ အမဲသားဆိုင်၊ ဆိတ်သားဆိုင်နှင့် ငါးအရောင်းဆိုင်များတွင် ရောင်းချနေသော အသား၊ ငါးဈေးနှုန်းများအား ကောက်ခံခြင်းနှင့် ကြက်ဥ၊ ဘဲဥ အရောင်းဆိုင်များရှိ လက်လီလက်ကား ဈေးနှုန်းများနှင့် စားအုန်းဆီဈေးနှုန်းများအား ကောက်ခံခဲ့ရာတွင် ဇူလိုင်လ၏ ပထမပတ်ဈေးနှုန်းများနှင့် သိသာစွာ ကွာခြားမှုမရှိဘဲ စားအုန်းဆီ ဈေးနှုန်းမှာ ယခင်အပတ်ထက် ဈေးနှုန်းအနည်းငယ်မြင့်တက်လာသည်ကို လေ့လာတွေ့ရှိရပြီး ခရိုင်ဦးစီးမှူးရုံးသို့ ဈေးနှုန်းတင်ပြနိုင်ရန် အပတ်စဉ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)