ညောင်တုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံးပစ္စည်းနှင့် လယ်ယာသုံးစက်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်း စစ်ဆေး

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံးပစ္စည်းနှင့် လယ်ယာသုံးစက်ပစ္စည်း အရောင်းဆိုင်များတွင် ဈေးနှုန်းအခြေအနေနှင့် ကုန်အညွှန်းအမှတ်အသား စစ်ဆေးခြင်း၊ မီးဘေးလုံခြုံရေးအတွက် အသိပညာပေး စစ်ဆေးဆောင်ရွက်ခြင်းကို (၇-၈-၂၀၂၅)ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စိုက်ပျိုးရေးသုံး ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားစစ်ဆေးခြင်း၊ စျေးကွက်အတွင်း ပိုးသတ်ဆေးအတုအပများနှင့် လိုင်စင်မဲ့အရောင်းဆိုင်များ မရှိစေရေး၊ တရားမဝင်ရောင်းချသော ပိုးသတ်ဆေးများမရှိစေရေး၊ ဒေသခံတောင်သူများ အရည်အသွေးမှန်၊ စျေးနှုန်းမှန်သုံးစွဲမှု မှန်ကန်စေရေးအတွက် ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ မျိုးစေ့အရောင်းဆိုင်များအား လစဉ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမင်းသူဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ အမိုနီယမ်နိုက်ထရိတ်ပါဝင်သည့် ဓာတ်မြေဩဇာများရောင်းချသည့် စိုက်ပျိုးရေးသုံးပစ္စည်းနှင့်လယ်ယာသုံးစက်ပစ္စည်းအရောင်းဆိုင်များတွင် မီးဘေးအန္တရာယ်နှင့် လျှပ်စစ်မီးကြိုးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်‌ဆေး၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်းဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)