မုဒုံမြို့နယ် ထုံမံကျေးရွာရှိ မိုးစပါးစီမံကိန်း စိုက်ပျိုးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးရာသီ မိုးစပါး စီမံကိန်း ဆောင်ရွက်လျက်ရှိသည့် ထုံးမံကျေးရွာ၌ စိုက်ပျိုးမှု အခြေအနေကို ၈.၈.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် တာဝန်ရှိသူများနှင့်အတူ  ကွင်းဆင်း စစ်ဆေး‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ် သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးဆန်းမင်းထွန်းနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများက ထုံမံ စိုက်/ထွေ သမဝါယမ အသင်းနှင့် ထုံမံ လယ်/ထွေ အသင်းသား တောင်သူများ စိုက်ပျိုးထားသည့် မိုးစပါးများ ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်၊ မြေသြဇာများ အချိန်ကိုက်/အချိုးကျ ထည့်သွင်း နိုင်ရေး၊ ပိုးမွှားရောဂါကျရောက်မှု မရှိစေရေး ဂရုပြုဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားခဲ့ သည်။ ထို့နောက် အသင်းသား တောင်သူများက မိုးစပါးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းစေရေး အတွက် လိုအပ်ချက်များကိုတင်ပြရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA (မွန်)