သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှူဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်သူဇာနှင့်ဝန်ထမ်းသည် စားသုံးပြည်သူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော ကုန်စည်များဝယ်ယူသုံးစွဲနိုင်ရန်ရည်ရွယ်၍ (၅-၃-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ မြို့မဈေးအတွင်းရှိ မုန့်မျိုးစုံဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၇-၃-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ပခုက္ကူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့် လက်လီ/လက်ကားရောင်းချသည့်ဆိုင်များသို့သွားရောက်၍ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ မြေပြင်လက်ကျန်အခြေအနေများ၊ ရောင်းဝယ်မှုအခြေအနေများအား ကွင်းဆင်းစုံစမ်းမေးမြန်းခြင်းတို့ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ အရာထမ်းစွမ်းဆောင်ရည်မြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၄)ကို ခရိုင်ရုံးဝန်ထမ်း ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး (ဦးစီးအရာရှိ) သည် (၄-၃-၂၀၂၄) ရက်နေ့မှ (၈-၃-၂၀၂၄) ရက်န့အထိ နေပြည်တော်ရုံးချုပ်မှ ဦးစီးကျင်းပသော အရာထမ်းများ လုပ်ငန်းခွင်စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းပို့ချမှုအား တက်ရောက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်စစ်ဆေးရေးမှူး ဦးသိန်းမောင်သည် ၂၀၂၄ခုနှစ်၊ မတ်လ (၅) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့၊ အမှတ်(၁) ရပ်ကွက်၊ ပြည်တော်သာလမ်းနှင့် မြို့မဈေးအတွင်းရှိ စားသုံးဆီဖြန့်ဖြူးရောင်းချသည့် ဆိုင်များသို့သွားရောက်ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ၂၀၂၄ခုနှစ်၊ မတ်လ(၇) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့၊ အမှတ်(၁) ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင်များအား မြို့နယ်တာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။
