သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
07 Sep 2022

        မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ဩဂုတ်လ (၂၇) ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် စားအုန်းဆီဈေးကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုများ မပြုလုပ်စေရေးတို့အတွက် ပြည်ပမှ စားအုန်းဆီများတင်သွင်းသည့် ကုမ္ပဏီများမှဝယ်ယူ၍ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း စားအုန်းဆီလက်လီလက်ကား ရောင်းချလျှက်ရှိသည့် ဆေးရုံအနောက်လမ်း ကံကော်ရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်သို့ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြောင

07 Sep 2022

         ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊  ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်ဆန္ဒမွန် သည် 29.8.2022 ရက်နေ့ နံနက် ၁၁:၃၀ နာရီအချိန်တွင် ဗန်းမော်မြို့၊ ကန်တော်ရပ်ကွက်ရှိ ကုန်စုံဆိုင်နှင့် စတိုးဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ပါပြဌာန်းချက်နှင့် ကိုက်ညီမှုရှိ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

07 Sep 2022

          ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၅.၈.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ပြည်မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးကော်မတီသို့ ဆေးဆိုင်လိုင်စင်အသစ် လျှောက်ထားလာသော ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး ဆေးဆိုင်လိုင်စ

07 Sep 2022

    ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး (အနောက်) ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ (၂၂.၈.၂၀၂၂) နေ့တွင် နံနက်ပိုင်း၌ ရွှေတံခါးရပ်ကွက်သို့လည်းကောင်း၊ နေ့လယ်ပိုင်းတွင် မြောက်နဝင်းရွာသစ်တို့တွင် အခြေခံလူတန်းစားများသို့ သက်သာသောဈေးနှုန်းဖြင့် ဈေးကားများဖြင့် ဆန်များလှည့်လည် ရောင်းချပေးခဲ့ပါသည်။

07 Sep 2022

     စားသုံးသူရေးရာဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးသည် ပြည်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၂၅.၈.၂၀၂၂) ရက်၊ နံနက် (၁၀:၀၀) နာရီတွင် ပြည်မြို့ပေါ်ရှိ အလှကုန်နှင့် လူသုံးကုန်ပစ္စည်း (လက်လီ/လက်ကား) ရောင်းချ သည့် လုပ်ငန်းရှင်များအား ဖိတ်ကြား၍ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

Pages