သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 Mar 2024

    စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ ခွင့်ပြုချက်ဖြင့် ကျင်းပပြုလုပ်သော  ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်၍  ၂၀၂၄ ခုနှစ်၊ မတ်လ(၁၅) ရက်နေ့ ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ချင်းတွင်းခန်းမ၌  ကျင်းပပြုလုပ်ခဲ့ရာ   ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်း/ ခရိုင်ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စားသုံးသူပြည်သူများ၊ စုစုပေါင်း (   ၁၂၀  ) ဦးတက်ရေ

20 Mar 2024

      စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်) သည် (၁၄-၃-၂၀၂၄) ရက်နေ့တွင် အမှတ်(၂)ရပ်ကွက်၊ ဝိုင်းမော်မြို့ရှိ စားသုံးသူပြည်သူ (၂၃) ဦးအား စားသုံးသူကာကွယ်ပေးရေးအသိပညာပေးလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

20 Mar 2024

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် (၁၄-၃-၂၀၂၄) ရက်နေ့၌ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးတွင် OK တံဆိပ် အသင့်သောက်မန်ကျည်းသီးအချိုရည်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင် (၂)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

20 Mar 2024

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ် (ဦးစီးမှူး) သည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ မတ်လ (၂၂)ရက်၊  နံနက် (၁၀း၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ကမ်းနားလမ်းရှိ နေယုဆန်စက်၊ ဦးအောင်ကိုကိုဆန်း၏ နေအိမ်၌ ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေးခဲ့ပါသည်။

20 Mar 2024

     သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ ၂၀၂၄ခုနှစ်၊ မတ်လ(၁၁)ရက်နေ့၌ သာပေါင်းမြို့နယ်၊ မြို့မဈေးကြီးအတွင်းရှိ စားသုံးဆီရောင်းချလျက်ရှိသော ဆိုင်များသို့သွားရောက်ကာ စားအုန်းဆီဘူးများပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်များကိုက်ညီမှုရှိ/မရှိနှင့် အသားတင်ပမာဏ၊ ထားသိုသိ

Pages