ဒေးဒရဲမြို့နယ် ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

           ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်နေ့တွင် ဒေးဒရဲမြို့နယ် အတွင်းရှိ ကုန်မျိုးစုံ ရောင်းချသည့် လုပ်ငန်းရှင်များအား မြို့နယ်တာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ဒေးဒရဲမြို့နယ်တာဝန်ခံ ဦးသိန်းမောင်က စားသုံးသူကာကွယ်ရေး ဥပဒေပါ လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားသည့် ကုန်စည်များကိုသာ ရွေးချယ်ဖြန့်ဖြူးရောင်းချရန်နှင့် FDA ထောက်ခံချက်ပါဝင်သော ပစ္စည်းများကို ရွေးချယ်ရောင်းချကြရန် ရှင်းလင်းဟောပြောခဲ့ပြီး အထက်ပါ အချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)