သတင်းနှင့် လှုပ်ရှားမှုများ
ယခုအချိန်ကာလသည် တရုတ်လူမျိုးများ၏ နှစ်စဉ်နှစ်တိုင်းအမြဲလိုလို ကျင်းပလေ့ရှိသည့် တရုတ်မုန့်စားပွဲတော်အချိန်ခါရောက်ရှိလာတော့မည်ဖြစ်သောကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ပေါ်ရှိ ဆိုင်အတော်များများတွင် တရုတ်လမုန့်များကို မြိုင်မြိုင်ရောင်းချနေကြောင်း တွေ့ရှိရပါသည်။ အဆိုပါလမုန့် များကိုမူ လမုန့်စားပွဲတော်နှင့် တရုတ်နှစ်သစ်ကူးပွဲတော်အချိန်ခါတွင် တစ်နှစ်မှနှစ်ကြိမ်သာ လမုန့်များကို ပြုလုပ်ရောင်းချကြသောကြောင့် လမုန့်များသည် ဈေးကောင်းရရှိပြီး အရောင်းအဝယ်ကောင်းလျက်
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၂)ဦးတို့သည် စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မုံရွာမြို့၊ အေးသာယာရပ်ကွက်ရှိ “ရာဇာ” လ္ဘက်/ ပဲကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်း အမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်အနေဖြင့် စက်တင်ဘာလ ( ၅ ) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကလေးဝမြို့ ( အ.ထ.က ) ကျောင်း၌ ဆရာ/ဆရာမ ( ၁၂ ) ဉီးနှင့် ကျောင်းသား/ ကျောင်းသူ ( ၄၀၀ ) ဦး၊ စုစုပေါင်း( ၄၁၂ )ဦး အား စားသုံးသူအခွင့်အရေးများအကြောင်း အသိပညာဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်း ဦးဆောင်၍ ဒေါ်စန္ဒာမွန်(ဒု-ဦးစီးမှူး)နှင့် ဒေါ်ဇင်မိုးဝါ(အကြီးတန်းစာရေး) ဝန်ထမ်းများအဖွဲ့သည် ညောင်ပင်သာရပ်ကွက်ရှိ မုန့်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်မဇင်နှင့် သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရန်၊ စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်စေရန်အတွက် တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် စားသုံးသူကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွင်း တိုင်းဒေသကြီးဦးစီးမှူးရုံး အနေဖြင့် မုံရွာမြို့၊ ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်းတွင်လည်းကောင်း၊ မုံရွာမြို့ အမှတ်(