သတင်းနှင့် လှုပ်ရှားမှုများ
စစ်ကိုင်းတိုင်းဒေသကြီး မိုးနှောင်းရာသီ စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များတိုးမြှင့်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ခုနှစ် စက်တင်ဘာလ(၆)ရက်နေ့၌ တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနရုံးတွင်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီး သည် စိုက်ပျိုးရေးအားဖြင့် အရေးပါသည့်တိုင်းဒေသကြီး တစ်ခုဖြစ်ပြီးသည့်အတွက် ဒေသတွင်း ဆန်ဖူလုံမှုမှာ ၂၁၂.၇၉ ရာခိုင်နှုန်း၊ စားသုံးဆီဖူလုံမှုမှာ ၅၀၄.၃၄ ရာခိုင်နှုန်းနှင့် ပဲမျိုးစုံဖူလုံမှုမှာ ၉၆၄.၃၀ ရာခိုင်
ကချင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ဦးစီးအရာရှိ) သည် ၈.၉.၂၀၂၂ ရက်နေ့ နံနက် ၁၀း၃၀ အချိန်တွင် မိုးညှင်းမြို့နယ်၊ ဘီလူးကျေးရွာမှ လမင်းအမှတ်တံဆိပ်(ကိတ်မုန့်မျိုးစုံ)ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့် ပြည်နယ်ဦးစီးမှူးရုံး၌ တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။
ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ အမ်းမြို့နယ်တာဝန်ခံ ဦးအောင်မင်းခိုင်၊ ဒုဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၅-၉-၂၀၂၂)နေ့ နံနက် (၁၀:၀၀)နာရီခန့်အချိန်တွင် အမ်းမြို့နယ် အမှတ် (၃)ရပ်ကွက်ရှိ “ဘကြီးအောင်” ဆားစက်ရုံသို့ သွားရောက်၍ ဆားထုတ်လုပ်နေမှုအခြေအနေများအား ကွင်းဆင်းလေ့လာခြင်းနှင့် ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် ပေါင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၆.၉.၂၀၂၂ ရက်နေ့တွင် ပေါင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရှိရ ပါသည်။
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး (မော်လမြိုင်)၊ မြို့နယ်ကြက်ခြေနီအသင်းတို့နှင့် ပူးပေါင်း၍ ၆.၉.၂၀၂၂ ရက်နေ့တွင် ပေါင်မြို့နယ်၊ အထက (မင်းတန်း) ကျောင်းတွင် ကျင်းပပြုလုပ်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးအထိမ်းအမှတ်ဟောပြောပွဲ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းကို ဟောပြောဆွေးနွေးခဲ့ပါသည်။