သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်းဒေသကြီး အနောက်နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် မိုးစပါး ကောက်စောစပါးများ စတင်ရိတ်သိမ်းနေမှုအား ၂၆.၈.၂၀၂၂ ရက်နေ့၌ မော်ရအုပ်စု ထန်းတပင်ကျေးရွာမှ တောင်သူဦးဟန်ကြီး စိုက်ဧက ၇ ဧက စိုက်ပျိုးထားသည့်အနက်မှ ကောက်စောစပါး GW-11 စပါးတစ်ဧက စတင်ရိတ်သိမ်းနေမှုအား စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊စားသုံးသူရေးရာဦးစီး ဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်ဈေးအတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်(၆)ဆိုင်အား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆေ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆီကုန်သည်များအသင်း၊ ဆန်စက်ပိုင်ရှင်များအသင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် အခြားမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ မအူပင်မြို့နယ် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်များရှိ လုပ်သားပြည်သူများအား (၆.၉.၂၀၂၂) ရက်နေ့ နံနက်(၀၈း၀၀) အချိန်တွင် ကံလေးလုံးကျောင်းရှေ့၌ ဆန်၊ဆီ၊ဆား၊ကြက်ဥနှင့် ဒေသထွက်ကုန် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်မှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မိတ်ဖက်ဌာနများနှင့်အတူ (၅.၉.၂၀၂၂) ရက်နေ့ နံနက်(၀၈ :၀၀) အချိန်၌ ဓနုဖြူမြို့နယ်(၁၇)ရပ်ကွက်ရှိ မိဘဂုဏ်ရည် ဆန်စက်ရှေ့တွင် ပြည်သူများအား အခြေခံစား သောက် ကုန်ပစ္စည်းများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျှက်ရှိပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊၊ စားသုံးသူရေးရာဦးစီးဌာန ၊မြောင်းမြခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဇော်လင်းအောင်နှင့် မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးတို့သည် (၇.၉.၂၀၂၂)ရက်နေ့ နေ့ လည်(၁၃:၃၀)နာရီက မြောင်းမြမြို့နယ် လယ်ယာသုံးဈေးရှိ ကျန်စစ်ဝင်း ကုန်မျိုးစုံဆိုင်၌ စားအုန်းများသတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေမှုအားသွားရောက် ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ပါသည်။