သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
16 Sep 2022

      ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေမြို့နယ်တာဝန်ခံ ဦးသိန်းအောင်(ဦးစီးမှူး) နှင့်ဝန်ထမ်းများသည် (၈-၉-၂၀၂၂)ရက်နေ့ နံနက်(၁၁:၃၀)အချိန်တွင် စစ်တွေမြို့၊ ရွှေပြားရပ်ကွက်ရှိ အ.မ.က(၁၄)မူလွန်ကျောင်းသို့ သွားရောက်ပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ(၁၀၀)ဦးတို့ အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။

15 Sep 2022

      ပဲခူးတိုင်းဒေသကြီးအတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူအငြင်းပွားမှု ကိစ္စရပ်များ၊ စားသုံးသူထိခိုက်နစ်နာဆုံးရှုံးမှုများ အောင်မြင်စွာ စေ့စပ်ဖြေရှင်းဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၅/၂၀၂၂) ကို(၃၁.၈.၂၀၂၂) ရက်နေ့၊ နံနက်  (၁၀:၀၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး စားသုံးသူ ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌

15 Sep 2022

       စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင် ၊ ၊ ဒိုက်ဦးမြို့ ၊ မြို့နယ်တာဝန်ခံ ဦးမျိုးမြင့် နှင့် ဝန်ထမ်းများသည် စက်တင်ဘာ (၅)ရက် နံနက်ပိုင်းတွင် ငါးလုပ်ငန်း ဦးစီးဌာန၌ ဖွင့်လှစ်သည့် အခြေခံ ငါးမွေးမြူရေးနှင့် ဆေးထိုးသားပေါက် သင်တန်းတွင် သင်တန်း သား/ သူ (၂၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့သည်။

15 Sep 2022

    ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် စိုက်ပျိုး ၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးအတွက် ပဲခူးတိုင်းဒေသကြီးအတွင်း ကဏ္ဍအလိုက် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများမှ ခရီုင် ၊ မြို့နယ်အလိုက် ကျေးရွာများသို့ ကွင်းဆင်းဟောပြောလျက်ရှိပါသည်။

15 Sep 2022

     ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးခရိုင်ဦးစီးမှူးနှင့် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၁၈.၈.၂၀၂၂ ၊ ၁၉.၈.၂၀၂၂ ၊ ၃၀.၈.၂၀၂၂ ရက်နေ့များတွင် ပဲခူးခရိုင်အတွင်းရှိ ပဲခူးမြို့ ၊ သနပ်ပင်မြို့ ၊ ဝေါမြို့များရှိ စည်ပင်သာယာစျေးအတွင်း ရောင်းချနေသော ကုန်စုံဆိုင်များနှင့် မြို့ပေါ်ရှိ ကုန်စုံဆိုင်များသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

Pages